Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Thursday, August 9, 2012

♥♫တုနှိုင်းမဲ့မေမေ♥♫


မေမေ
နေကောင်းလား မေမေ
လွမ်းနေလား မေမေ
သားအတွက်ပူပန်နေလား မေမေ။
မေမေ
သားအတွက်ဘာမဆိုပေးဆပ်ခဲ့တဲ့ မေမေ
သားအတွက်အရာရာပြီးပြည့်စုံခဲ့တဲ
မေမေ
သားအတွက်ခွန်အားတွေပေးခဲ့တဲ့ မေမေ။

မေမေ
မေမေ့ကို ထားခဲ့ရပြီလေ
မေမေ့ကိုအလွမ်းတွေပေးခဲ့ရပြီနော

မေမေ့ကို ပူပန်စေခဲ့ရပြီမေမေ။
မေမေ
စိတ်ချနေပါ မေမေ
မေမေ သိအောင်ပြောပြရအုံးမယ် မေမေ
တိုးတက်တဲ့ဒီနေ့ခေတ်ကြီးထဲမှာေ

မော်ဒယ်လ်ဆန်တဲ့အလှပတွေ
ရေပန်းစားနေပြီ မေမေ
ဒါတွေလဲ...သားမခံစားတတ်ပါဘူး မေေ




သားကို ရင်ဝယ်ပိုက်ပြီး
လောကဒဏ်ကိုရင်ဆိုင်နေခဲ့ရတဲ့...



မေမေရဲ့
အပြုံးပန်းတပွင့်ကိုလေ
ဘယ်သူချယ်မှုန်းလို့မှ မှီမယ်မထင်ပါဘူး မေမေ။

မေမေ
မြူးကြွသူယာလှပါတယ်ဆိုတဲ့ ဒီနေ့ခေတ်ရဲ့ တေးဂီတတွေ
ဟစ်ဟော့ ဒီဂျေ တွေဆိုတာတွေလေ
နေရာတိုင်းမှာရေပန်းစားနေကြလေရဲ

သားအတွက်တော့
ဟိုးငယ်ငယ်က အလိုမကျတိုင်းစိတ်တိုတိုနဲ့
ငေါက်ငန်းခဲ့ဖူးတဲ့...မေမေ့ရဲ့ ဂရုဏာဒေါသသံလောက်တောင်မှ
နားဝင်မချိုခဲ့ပါဘူး မေမေ။


မေမေ
ရှိသေးတယ် မေမေ
လူတိုင်းကိုဖမ်းစားနေတဲ့
အဖိုးတန် ပြင်သစ်ရေမွှေးတဲ့လေ
သင်းပျံ့မွှေးကြိုင်ပြီး ဆွဲဆောင်မှုကောင်းတဲ့ ရနံ့လေးပေါ့
သားအတွက်တော့လေ.........
လယ်တောက မောပန်းစွာပြန်လာတဲ့....
ချွေးစို့နေတဲ့....မေမေ့ရဲ့....
ကိုယ်သင်းရနံ့လောက်မျှပင် မသင်းပျံ့ခဲ့ပါဘူး မေမေ။

မေမေ
တကယ်တော့လေ.
သားတို့အတွက်
တုနှိုင်းမဲ့လှတဲ့....သူ.....ဆိ
ု....တာ
မေမေ ဆိုတဲ့.....မေမေရယ်ပါ....။

သည်ကဗျာလေးကတော့ ကျနော်သိပ်ချစ်တဲ့ မေမေအတွက်
ရည်ရွယ်ပြီး အဝေးတနေရာကနေ ကန်တော့လိုက်ပါတယ်။

www.depelyin.co.cc


ဒီပဲယင်းသားလေး
       အောင်အောင်(မကစ)
                       ရင်တွင်းဖြစ်
15.7.2011/6.12Pm

♥♫ အဖေ့အတွက် တမ်းတခြင်း ♥♫


'အဖေသိခဲ့ရင်လေ''

တစ်ချိန်တုန်းက

သားအဖနှစ်ယောက်ဟာ
ခြေသလုံးအိမ်တိုင်နဲ့

ဘ၀ကိုဖြတ်သန်းခဲ့တုန်းက
အဖေ့ရဲ့ဖ၀ါးတွေဟာ

သားတစ်ယောက်အတွက်
မျှော်လင့်ခြင်းရဲ့ မနက်ဖြန်တွေပါဘဲ.......

ဒုက္ခဆိုတဲ့တရားကို ရင်ဆိုင်နိုင်ဖို့
စကားခါးခါးတွေသုံးတတ်တဲ့

အဖေ့ရဲ့လေသံတွေမှာ
သား တို့အတွက်ဆိုတာ
အဖေ့မျက်ဝန်းတွေက

သိစေချင်နေတယ်လေ......
တကယ်တော့.....
အဖေဆိုတာဝမ်းနဲ့ မလွယ်ခဲ့ရပေမဲ့
ချွေးနဲ့လွယ်ခဲ့ရသူ တစ်ယောက်ပါ...
လူတွေထဲက လူတစ်ယောက်ဖြစ်ဖို့
လောကရဲ့ တတ်သင့်တဲ့ပညာတွေသင်ပေးရင်း
အသိတရားတွေကို
နှလုံးအိမ်ထဲ စိမ့်ဝင်စီးဆင်းစေချင်တဲ့
အဖေပေါ့......
ဒါပေမဲ့...
ခွေးမြှီးကောက် ကျည်တောက်စွပ်
ကျွဲပါးစောင်းတီး တက်တဲ့
သားသမီးတွေအကျင့်ကြောင့်

အဖေ့မေတ္တာရေတွေ
ကုန်ခမ်းသွားမှာ မဟုတ်ဘူးဆိုတာ
ကျွန်တော်သိတယ် အဖေ........
ဇရာထောင်းခဲ့ပေမဲ့ လက်အိုတွေကမ်းလှမ်းရင်း
နောက်ဆုံးထွက်သက်အထိ

ဖေးကူစောင့်ရှောက်ချင်တဲ့
သားသမီး တို့ရဲ့အဖေ

နေ၀င်ချိန်အထိ စိတ်မချခဲ့ဘူးမဟုတ်လား....
သမုဒ္ဒရာဝမ်းတစ်ထွာ ရုန်းကန်ရှာဖွေရင်း
အားအင်အပြည့်နဲ့ အပြုံးတချက်
နှုတ်ခမ်းအထက်မှာ တပ်ဆင်ရင်း
ထမင်းလက်ဆုံစားခဲ့ဖူးတဲ့ နေ့တွေ
သား ... မမေ့သေးဘူး အဖေ.....
မျက်ရည်တစက် အဖေ့အတွက်တဲ့....
ဒီကဗျာရေးတိုင်း
ကျခဲ့တဲ့ မျက်ရည်စတွေက
သတိရမှု အထိမ်းအမှတ်တွေလား
သား မသိဘူး.....
သား သိပ်လွမ်းတယ် အဖေ...
လောကဒဏ်ကို အံတုတုန်း
အထိနာခဲ့တဲ့ အချိန်တွေမှာ
နာကျင်စွာ အော်ဟစ်ရင်း
အဖေ့နားကို အပြေးလာချင်တဲ့
သား ရဲ့စိတ်တွေ အချိန်လွန်မှ
ပြန်လှည့်ချင်တဲ့ နာရီပေါ်ကလက်တံတွေနဲ့
တူနေလေရဲ့.......

အဖေ....
နောင်တဆိုတာပြင်ဆင်ခွင့်တော့ ရှိပါတယ်
ပြန်ဝယ်လို့မရဘူး
အနာဂတ်တော့ရှိပါတယ်
အတိတ်ကိုတော့ မေ့လို့မရတဲ့
စကားလုံးမျိုးပါ
အဖေ.....
အဖေမရှိခဲ့ရင်တောင်မှလေ....အဖေ့သားဟာ
သမိုင်းအသစ်ဖွင့်မဲ့ စာမျက်နှာတွေမှာ
အဖေစကားသံတွေ နားထဲအထပ်ထပ်သွပ်သွင်းရင်း
ဘ၀ရဲ့အကြိမ်ကြိမ် စိမ်ခေါ်မှုမှာ
လျှောက်လှမ်းနေဆဲ ဆိုတာ
အဖေ သိခဲ့ရင်လေ.............
သားရဲ့ အဖေ့အတွက် တန်းတခြင်းတွေဟာ...
....ကမ္ဘာတည်နေသမျှပါ..........................

ဒီကဗျာလေးကို အရမ်းကြိုက်လို့ ကျနောချစ်တဲ့ ဖေဖေအတွက်

ပြန်လည်တင်ပြလိုက်တာပါ
www.depelyin.co.cc

♥♥ အောင်အောင်(မကစ) ♥♥

♥♫ အနာဂါတ်ငါ့ ကမ္ဘာ ♥♫


ငါ့ဘ၀ရဲ့ အနာဂါတ်
ငါကျော်ဖြတ်ရင်းနဲ့
ငါမျှော်လင့်တဲ့ပန်းတိုင်ဆီ...
တဖြေးဖြေးနဲ့ ဝေးများနေပြီလား...
ငါလိုခြင်တဲ့ အိပ်မက်ကမ္ဘာ
ခပ်ရေးရေးဘဲ ထင်ကျန်နေပါလား
ကံကြမ္မာရယ် မညှာတာလို့
ခုက္ခတွေကို ထမ်းပိုးလာ
မြစ်ပြင်ကျယ်က လှိုင်းလုံးတွေအလား
တလိမ့်လိမ့် ရိုက်ပုတ်ခြင်းခံနေရတဲ့
ငါ့နှလုံးသားကမ်းပါးအချို့
လှိုက်စားကြွေကျနေပါရောလား...
ခုက္ခလှိုင်းထမ်းပိုးများ
အဘယ်သို့ရိုက်ခတ်သော်ငြား
ငါ့နှလုံးသားကမ်းခြေ
ကုန်ဆုံးသွားမည် မဟုတ်ချေ...
ကံကြမ္မာကို အံတုရင်ဆိုင်
ဇွဲစိတ်ခိုင်မာစွာနဲ့ ကြိုးစားရင်း
ငါ့အနာဂါတ် ကမ္ဘာသစ်ဆီသို့.....
ဒုက္ခ လှိုင်းထမ်းပိုးတို့အား ဖြတ်ကျော်ရင်း
ငါ မရောက်မချင်း
ငါ့အနာဂါတ်ကမ္ဘာဆီသို့............
သွားနေမည် ။ ။
ဒီပဲယင်းသားလေး
အောင်အောင်(မကစ)
ရင်းတွင်းဖြစ်
1/11/201

www.ledimyethar.com