Thursday, August 23, 2012

ဓါတ်

ဓါတ်٭٭

ဓါတ်ဟူသော စကားလုံးသည် အထည်ကိုယ်အားဖြင့်

မမြင်ရသော်လည်း ဓါတ်ခိုက်သည် ဓါတ်ကျသည်

စသည်ဖြင့် အရပ်ထဲတွင် အမြဲသုံးနေသော စကားဖြစ်၏

ဓါတ်သည် ကူးခြင်း၊လိုက်ခြင်းသဘောရှိ၏

ဓါတ်အား အပြည့်လွတ်ထားသည့်ကြိုးကို

တို့မိ၊ ထိမိကိုင်မိလျှင်ကူးခြင်း၊ လိုက်ခြင်းဖြစ်သကဲ့သို့

သူယုတ်မာနဲ့ လက်ပွန်းတတီး နေထိုင်လျှင်

ဓါတ်ကူးဓါတ်လိုက်ကာ သူယုတ်မာဖြစ်တတ်သည်။

သဒ္ဓါစသော ဂုဏ်တိုနဲ့ပြည့်စုံသည် သူတော်သူမြတ်တို့နဲ့

ပေါင်းသင်းဆက်ဆံရလျှင် ဓါတ်ကူးဓါတ်လိုက်ကာ

အများလေးစားရသည် သူတော်ကောင်း

ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သွားတတ်ပါ၏...။

အရှင်ဝိသုဒ္ဓ(ကလေး)

Wednesday, August 22, 2012

**ဖွဟဲ့လွဲပါစေ**

ဝိနည်းမကြိုက် လောကလိုက် ဘုန်းကြီးမိုက်နဲ့ လွဲပါစေ

ဘုရားမကြိုက် အမှားလိုက် မိဘမိုက်နဲ့ လွဲပါစေ

တရားမကြိုက် အများလိုက် ဆရာမိုက်နဲ့ လွဲပါစေ

သစ္စာမပိုက် တစ်ဖို့လိုက် မိတ်ဆွေမိုက်နဲ့ လွဲပါစေ

ဥစ္စာခိုးနိုက် လင်ငယ်လိုက် မယားမိုက်နဲ့လွဲပါစေ

မူးဖြုံးဖဲရိုက် အငယ်လိုက် လင်အမိုက်နဲ့လွဲပါစေ

ဆုံးမမလိုက် ဖီဆန်တိုက် သားသမီးမိုက်နဲ့ လွဲပါစေ

စည်းကမ်းမလိုက် တော်လှန်တိုက် တပည့်မိုက်နဲ့လွဲပါစေ

မငဲ့နောက်လိုက် ငါကောင်းကြိုက် ခေါင်းဆောင်မိုက်နဲ့ လွဲပါစေ

တိုင်းပြည်သိမ်းပိုက် လမ်းမှားလိုက် ဘုရင်မိုက်နဲ့ လွဲပါစေ...။

ဆီးဘန်းနီ (ဆရာတော်)

Tuesday, August 14, 2012

Saturday, August 11, 2012

ဘ၀ကို အလှဆင်ကြမယ်...

 

အလှဆင်ခြင်းဟူသည် မိမိကိုယ်မိမိ အလှဆင်ခြင်း၊ မိမိ၏ဆွေမျိုးဥာတိများ အပေါ်၌ အလှဆင်ခြင်း၊ မိမိကိုယ်ကို အလှဆင်ခြင်းသည် မကောင်းမှု အလုပ်မှ ရှောင်ကြဉ်ပြီး ကောင်းရာကောင်းကြောင်း အလုပ်များကိုပြုလုပ်ခြင်းသည် မိမိကိုယ်မိမိ အလှဆင်ခြင်းမည်၏။ 

ဆွေမျိုးဥာတိများကို အလှဆင်ခြင်းသည် ကာယအား၊ ဥာဏအားတို့ဖြင့် ကူညီဖေးမ စောင့်ရှောက်ခြင်း သည် ဗုဒ္ဓအလိုကြ လိုက်နာကျင့်သုံးခြင်းမည်၏။ ဘ၀ဟူသည် တိုတောင်းလှ၏ မိမိသူတစ်ပါးအတွက်ကောင်း 

ကျိုးများကိုသယ်ပိုးရွက်ဆောင်မှသာလျှင် တန်ဖိုးမဖြတ်နိုင်သည့် ဘ၀ကိုအလှဆင်ခြင်းမည်၏။

***အလှဆင်ကြတို့ဘ၀***


ကောင်းဆိုးလောကဓံ 
ကြံ့ကြံ့ခံလျှက်
အားမာန်အပြည့်
သတိမကွာ
ပညာမျှော်မြင်
အလုပ်ဝင်
အလှဆင်ကြ တို့ဘ၀...။


Bright stars!

2012 SC Article#1.pdf
1
2
3
4
5

Friday, August 10, 2012

ဥပေက္ခာ

ဥပေက္ခာ

သင်ကပြုံးလည်း နှလုံးသာယာ

ဖြစ်မလာတော့...။

သင်ကမုန်းလည်း နှလုံးထိခိုက်ပ်ရ

ငိုမရှိုက်တော့...။

ပြုံးလွယ်မုန်းလွယ် အသွယ်သွယ်ကို

ကြိမ်ဖန်များစွာ ခံစားကာမို့

သာခြင်းနာခြင်း လုံးဝကင်းပြီး

သင့်အတွက်ဆို ကျွန်ုပ်ရင်ဝယ်

အစဉ်မေ့ဖျောက် လိုက်ပါပြီ...။

မင်းရဝေ(ကလေး)

Thursday, August 9, 2012

အနှစ်သုံးပါးတရားတော်

ကျေးဇူးတော်ရှင် ၊ အဘိဓဇမဟာရဋ္ဌဂုရု၊
ဘဒ္ဒန္တကုဏ္ဍလာဘိဝံသ ဟောကြားတော်မူသော အနှစ်သုံးပါးတရားတော် 

 ဤနေရာကို နှိပ်၍ ဒေါင်းလုတ်ယူပြီးတော့ နာယူကြပါကုန် သူတော်စင် အပေါင်းတို့ခင်ဗျ

ူရင်းလင့်သို့  >>>>>

ကုသိုလ်အစစ် နံပါတ်တစ် တရားတော်(တိပိဋကဓရ-အဂ္ဂမဟာပဏ္ဍိတ ယောဆရာတော် ဘဒ္ဒန္တသီရိန္ဒာဘိဝံသ)


တိပိဋကဓရ-အဂ္ဂမဟာပဏ္ဍိတ ယောဆရာတော် ဘဒ္ဒန္တသီရိန္ဒာဘိဝံသ ဟောကြားသော ကုသိုလ်အစစ် နံပါတ်တစ် တရားတော်

ဤနေရာကို နှိပ်၍ ဒေါင်းလုတ်ယူကာ နာယူကြပါကုန် သူတော်စင် အပေါင်းတို့

မူရင်းလင့်သို့ >>>

ပိဋကတ်(၃)ပုံပါဠိတော် - မြန်မာပြန်

ကျေးဇူးပြု၍ တဆင့် share ခြင်းဖြင့် သာသနာ ပြုကြပါ
ပိဋကတ်(၃)ပုံမြန်မာပြန် စာအုပ်ဖြစ်ပါတယ်
download ဆွဲချင်သူများ
ဒီမှာ နှိပ်ပါ http://www.mediafire.com/?s0nt69m6ko8ek7s
(ကျေးဇူးတင်ပါတယ်)
http://www.facebook.com/BuddhismBeams....မှကူးယူဖော်ပြပါသည်..

သံပုရာသီး အစွမ်းအံမခန်း ..(မိန်းကလေးများ ဖတ်သင့်သည်)



ခံတွင်း ကျန်းမာရေး .....
သံပုရာသီးဟာ သွားကို ဖြူစေပါတယ်။ သံပုရာသီးအခွံကိုဆား (တကော်စာ)နဲ့ ရောပြီး ပွတ်ပေးရင် သွားကို ဖြူစေရုံတင်မကဘူး။တောက်ပစေပါတယ်။
ခံတွင်းအနံ့ မကောင်းတာလည်း ပျောက်စေပါတယ်။ သွားကိုက်နေရင်လည်း သံပုရာရည်နဲ့ ပလုတ်ကျင်းပေးပါ။
နှုတ်ခမ်းကွဲခြင်း .....
မျက်နှာလိမ်းခရင်မ်တစ်ဇွန်း (လက်ဖက်ရည်သောက်ဇွန်း) နဲ့ လိမ္မော်ရည်၊ ပျားရည်တို့ကို ရောစပ်ပြီး လိမ်းပေးပါ။ တစ်ပတ်လောက် လိမ်းရုံနဲ့ သိသာ ထင်ရှား ပျောက်ကင်း သွားပါလိမ့်မယ်။
ဆံပင်ကျွတ်ခြင်း .......
အုန်းရည်လေးဇွန်း (စားပွဲတစ်ဇွန်း)နဲ့ သံပရာရည်တို့ ရောစပ်ပြီး တစ်ပတ်တစ်ခါလောက် လိမ်းပေးရင် ဆံပင်ကျွတ်တာ ပျောက်ကင်း စေပါတယ်။
ဦးရေပြား ယားယံခြင်းနှင့် ဒဏ်ပျောက်ဖို့အတွက် ....
ကြက်ဥအကာရည်နှင့် သံပရာရည် (သံပုရာသီးတစ်လုံးစာ) တို့ရောပြီး ဆံနွယ်အမြစ်ကနေ လိမ်းပေးပါ။ တစ်နာရီခန့်ကြာမှ ရေနဲ့ ပြန်ပြီးဆေးကြောပေးပါ။
တစ်လလောက် လုပ်ပေးရုံနဲ့တင် ဦးရေပြားသန့်ရှင်းပြီး ဗောက်၊ ဒက်တို့ ကင်းစင်သွားပါလိမ့်မယ်။
အသားအရေခြောက်သွေ့ခြင်းအတွက် .....
ငှက်ပျောသီးမှည့်တစ်လုံးကိုယူပြီး ချေပေးပါ။ ပြီးရင်တော့ လတ်လတ်ဆတ်ဆတ် သံပုရာရည် တစ်စက်နှစ်စက်နဲ့ ချေထားတဲ့ ငှက်ပျောသီးတို့ကို ရောစပ်ပေးပါ။
ပြီးရင်တော့ မျက်နှာနဲ့ လက်ကို လိမ်းပေးရမှာ ဖြစ်ပါတယ်။ အသားအရေကို ချောမွေ့ သန့်ရှင်း စေပါတယ်။
နောက်တစ်နည်းကတော့ ပျားရည်တစ်ဇွန်း (လက်ဖက်ရည်ဇွန်း) ကို ဟင်းသီးဟင်းရွက် ဆီနဲ့ရောပေးပါ။ ပြီးရင် သံပုရာရည်တစ်စက် လောက်နဲ့ ထပ်ရောပြီး လက်တွေ၊
တံတောင်ဆစ်တွေ၊ ခြေဖနောင့်တွေနဲ့ ကြမ်းထော်နေတဲ့နေရာတွေကို လိမ်းပေးပါ။ လိမ်းပြီးရင် ဆယ်မိ နစ်လောက် စောင့်ပေးပါ။ သံပုရာသီးဟာ အရေပြားအလှအပအတွက်
အကောင်းဆုံးပေးစွမ်းစေနိုင်တဲ့ သစ်သီးပဲ ဖြစ်ပါတယ်။ အထူးသ ဖြင့် ဝက်ခြံနဲ့ ယားနာတွေ ကို ပျောက်ကင်းစေတဲ့သတ္တိရှိပါတယ်။ မှဲ့ခြောက်တွေကိုလည်း ပျောက်ကင်း
စေပါတယ်။ သံပုရာရည်နဲ့သာ လိမ်းပေးရမှာ ဖြစ်ပါတယ်။
အဆီပြန်တဲ့အသားအရေပိုင်ရှင်များအတွက် ......
သံပုရာရည်နှစ်ဇွန်း (လက်ဖက်ရည်ဇွန်း)၊ နနွင်းမှုန့် ဇွန်းဝက်ခန့် (လက်ဖက်ရည်ဇွန်း) တို့ကိုယူပါ။ သင်္ဘောသီးစိတ်ကိုချေပြီး ပျော့ဖတ် သဖွယ် ရအောင်လုပ်ပါ။ ယင်းသင်္ဘောသီး ရည်ကို သုံးဇွန်းခန့် ယူပါ။ အားလုံးကို ရောစပ်ပြီး မျက်လုံးကလွဲရင် မျက်နှာတစ်ပြင်လုံးကို လိမ်း ပေးရမှာ ဖြစ်ပါတယ်။ လိမ်းပြီး မိနစ် ၂၀ ခန့်ကြာအောင် စောင့်ပေးပါ။ ပြီးမှ ရေနဲ့ စ်ဖန် ပြန်ဆေးကြောပေးပါ။
တံတောင်ဆစ်မည်းခြင်းအတွက် ......
သံပရာသီးအခွံနဲ့ ပွတ်ပေးပါ။ ပြီးရင်ရေနဲ့ ဆေးပေးပါ။ နည်းနည်းတော့ကြာပေမယ့် အရေပြားကို သန့်စင်သွားပြီး တောက်ပြောင်ဝင်း လက်လာ ပါလိမ့်မယ်။ တချို့ အသားအရေ
တွေဟာ မှောင်မှောင်မှိုင်းမှိုင်းနဲ့ ခြောက်ခြောက်သွေ့သွေ့ဖြစ်နေတတ်ပါတယ်။ အရောင်အဝါ လင်းလက်ချင်တယ် ဆိုရင်တော့ လတ်လတ်ဆတ်ဆတ် သံပုရာသီး တစ်လုံးရဲ့ အရည်နဲ့ မျက်နှာမကျန် ခန္ဓာကိုယ် အနှံ့ အိပ်ရာမဝင်ခင် ပွတ်လိမ်းပေးပါ။ မနက်ကျမှ ရေချိုးပေးပါ။ အရေပြားကို တောက်ပြောင်ရွှန်းလဲ့စေပြီး နူးညံ့စေပါတယ်။ အိပ်ရတာ စေးထန်းထန်းနဲ့ မအိပ်ချင်ဘူးဆိုရင်တော့ ရေချိုးတဲ့အခါမှာ ချိုးမယ့်ရေထဲ သံပုရာရည်တစ်ခွက်တစ်ဝက်ခန့် ထည့်ပြီး အဲဒီ့ရေနဲ့စိမ်ချိုးပေးပါ။
လက်သည်းဆေးစွန်းတာ ဖျောက်ချင်ရင် ....
သံပုရာသီးစိတ် (သို့) သံပရာရည်ကို ရေထဲရောပြီး လက်ကိုစိမ်ပေးပါ။ လက်သည်းမှာ ပေနေတဲ့ အစွန်းအထင်းတွေကို ချက်ခြင်းချေ ချွတ်ပေးသွား ပါလိမ့်မယ်။
ပြီးသွားရင် လက်သည်းကို ပြန်ဆိုးမယ်ဆိုရင်လည်း ပိုပြီးတောက်ပြောင်လာပါလိမ့်မယ်။သံပုရာရည်ထဲ လက်သည်း ခြေသည်းကို ဆယ်မိနစ်ခန့် စိမ်ပေးပါ။ ပြီးလို့ရှိရင် ဘရက်ရှ်နဲ့ လက်သည်း၊ ခြေသည်းကို ပြန်ပွတ်တိုက်ပေးပါ။ ပြီးမှ ရေနွေး နွေးနဲ့ ဆေးကြောပေးပါ။ ဒီနည်းဟာ လက်သည်းကို သန်စွမ်းစေပြီး တောက်ပြောင်စေပါတယ်။ ဖြစ်နိုင်ရင် ဗင်နီဂါဖြူ ဇွန်းဝက်ခန့်နဲ့
ရေနွေးတစ်ဝက်တို့ ရောပြီး ဘရက်ရှ်နဲ့ တိုက်ပေးရင် ပိုကောင်းပါတယ်။
ခြေထောက် .....
သံပုရာရည်တစ်ခွက်စာ (ကော်ဖီခွက်တစ်ခွက်စာ)၊ သစ်ဂျပိုး(အနံ့အတွက်)၊ သံလွင်ဆီ နှစ်ဇွန်း (စားပွဲတင်ဇွန်း)၊ နွားနို့လေးပုံတစ်ပုံ (ခွက်တစ်ခွက်)၊ ရေသန့် (ရေကို သင့်တော်သလို ထည့်နိုင်ပါတယ်၊ အနည်း၊ အများ အရေးမကြီးပါ) တို့ရောစပ်ပေးပါ။ တကယ်လို့ သစ်ဂျပိုး မသုံးချင်ဘူးဆိုရင် တခြားအနံ့ ပစ္စည်းတို့ သုံးနိုင်ပါတယ်။ နှင်းဆီပွင့်ချပ် တို့ဖြင့်လည်း အစားထိုး အသုံးပြုနိုင်ပါတယ်။ အားလုံးရော စပ်ပြီးရင်တော့ အဲဒီ့အရည်ကို ခြေထောက်စိမ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားမှ ရေနဲ့ ဆပ်ပြာ (Mild) နဲ့ သေချာဆေးကြောသန့်စင်ပေးပါ။
တစ်ပတ်လောက်လုပ်ကြည့်လိုက်တာနဲ့ ခြေထောက် အသားအရေဟာ သိသိသာသာချောမွေ့လာပါလိမ့်မယ်။
နွေအပူမှာ ချွေးဆုနေခြင်းအတွက် အကောင်းဆုံးသစ်သီး ......
ပူပြင်းခြောက်သွေ့တဲ့နွေရာသီလို ဥတုမျိုးမှာ ချွေးထွက်သက်သာအောင်ပဲ ဖြစ်ဖြစ်၊ ရင်ပူသက်သာအောင်လုပ်ဖို့ပဲ ဖြစ်ဖြစ် သံပုရာ သီးရည်ကို ပျားရည်တစ်ဇွန်းနဲ့ရောပြီး သောက်ပေးပါ။ သွေးလေလည်ပတ်မှုကို ကောင်းမွန်စေရုံမျှမက ချွေးထွက်ခြင်းကိုလည်း သက် သာစေပါတယ်။ သံပုရာသီးထဲမှာ ပါရှိတဲ့ ဂလူးကိုစ့်နဲ့
သတ္တုဓာတ်တွေကြောင့် ခန္ဓာကိုယ်ကို ချွေးထွက်ခြင်းမှ ကာကွယ်ပေးတဲ့အပြင် အေးမြအောင်လည်း စွမ်းဆောင်ပေးပါတယ်။

ဦးဥတ္တမသာရ (တောင်တန်း သာသနာပြု)




MZ logo

ဦးဥတ္တမသာရ
ဘွဲ့အမည် ဦးဥတ္တမသာရ
ခမည်းတော်အမည် ဦးဘိုညို
အမိအမည် ဒေါ်သေးတာ
မွေးသက္ကရာဇ် ၁၂၇၂ ခု၊ ပြာသို လပြည့်ကျော် ၁ ရက်၊ (၁၅ ဇန်န၀ါရီ ၁၉၁၁)တနင်္ဂနွေနေ့
မွေးရာဇာတိ နွေတွင်းကုန်း ကျေးရွာ၊ ဒီပဲယင်း မြို့နယ်၊ စစ်ကိုင်းတိုင်း
ကိုးကွယ်မှု ဗုဒဘာသာ
ရှင်ပြုသည့်နှစ် ၁၂၈၄ ခု
ရဟန်းခံသည့်နှစ် ၁၂၉၂ ခု
ပျံလွန်သည့်နေ့ ၁၃၅၇ ခုနှစ်၊ ပြာသိုလဆန်း ၇ရက် (၂၇၊ ၁၂၊ ၁၉၉၅)နေ့ ညနေ (၁၈း ၃၀) နာရီ


ဆရာတော်ဦးဥတ္တမသာရ သည် သာသနာ့သမိုင်းတွင် ထင်ရှားသော ရဟန်းတစ်ပါးဖြစ်သည်။ ဆရာ တော်ကို တောင်တန်းသာသနာပြုဆရာတော် ဟု ခေါ်ဆိုကြသည့်အပြင် ရေဆူဆရာတော်ဟု လည်း ခေါ်ဝေါ်ကြပါသည်။ ဆရာတော်တရားဟောနေစဉ်၊ ပရိတ်ရွတ်နေစဉ်အတွင်း ဆရာတော်ရှေ့တွင် ရှိသော ရေများမှာ ဆူဝေလာသောကြောင့် ရေဆူဆရာတော် ဟု ခေါ်ဆိုကြခြင်းဖြစ်သည်။

သာသနာ့ဘောင်ဝင်ရောက်ခြင်း

၁၂၈၄ ခုနှစ် ရွာကျောင်း ဆရာတော် ဘဒ္ဒန္တဝိလာသကို ဥပဇ္ဈာယ် ပြု၍ မိဘ နှစ်ပါး တို့၏ ပစ္စယာ နုဂ္ဂဟဖြင့် ရှင်သာမဏေ အဖြစ် ရောက်တော် မူသည်။ ၁၂၉၂ ခုနှစ်၊ နွေတွင်းကုန်းရွာ ကျောင်းဆရာတော် ဘဒ္ဒန္တဝိလာသကို ဥပဇ္ဈာယ် ပြု၍ ရဟန်း အဖြစ်သို့ ရောက်တော်မူသည်။

လေ့လာတတ်မြောက်

ဆရာတော်သည် မုံရွာမြို့ ရွှေသိမ်တော်တိုက်၊ မဟာ လယ်တီတိုက်၊ စစ်ကိုင်းတောင် မဟာ သမယချောင်၊ မန္တလေးမြို့ ချမ်းသာကြီး မြောက်တိုက်၊ အမရပူရမြို့ တူးမောင်းတိုက်၊ ပခုက္ကူမြို့ မဟာ ဝိသုတာ ရာမတိုက် ဆရာတော်များ ထံတွင် ပိဋကတ် ကျမ်းစာများ သင်ယူ ခဲ့သည်။ ကျမ်းကြီးပေါက် သင်ယူ တတ်မြောက် တော်မူသည်။ အင်္ဂလိပ်စာ၊ ချင်းစာပေ၊ ချင်းဘာသာ စကား တို့ကိုလည်း လေ့လာ တတ်မြောက် ခဲ့သည်။

သာသနာပြုတော်မူခြင်း

ဆရာတော်သည် ရန်ကုန်တိုင်း ကမာရွတ် မြို့နယ် ဝါဆိုကျောင်းနှင့် လှိုင်မြို့နယ် အောင်ချမ်းသာ ကျောင်းတို့၌ စာဝါများ ပို့ချခဲ့သည်။ ဆရာတော်သည် အသွားအလာ ခက်ခဲ၍ ဝေးလံ ခေါင်းပါးသော တောင်တန်း ဒေသ များတွင် နှစ်ပေါင်း ၅၀ မျှ သီတင်းသုံး နေထိုင်လျက် ဒေသခံ တိုင်းရင်းသား များအား ဗုဒ္ဓ တရား ဓမ္မများ ကျင့်ကြံ ပွားများ နိုင်ရေး အတွက် မေတ္တာတော် ကြီးမားစွာ သာသနာ ပြုတော် မူခဲ့သည်။ ထို့အပြင် အိန္ဒိယနိုင်ငံ အာသံ ပြည်နယ်၊ မဏိပူရ ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်း တောင်တန်း များနှင့် ဥရောပ နိုင်ငံများသို့ လှည့်လည့်ကြွရောက် သာသနာ ပြုတော် မူခဲ့သည်။

ဆရာတော် သီတင်းသုံးနေထိုင်သည့် အခန်းအတွင်းတွင် ရိုက်ကူးထားသောပုံ ဖြစ်သည်။

ခံယူရရှိတော်မူ

သတ္တဝါတို့ အပေါ် မေတ္တာတော် ကြီးမားခြင်း၊ ကြမ်းတမ်းသော တောတောင် ခရီး သွားလာ၍ သာသနာ ပြုနိုင်ခြင်း၊ သူတပါး စိတ်ဝင်စား သမာဓိ၊ ပညာဂုဏ် ကြီးမြတ်ခြင်း စသည်တို့နှင့် စာရေး ကျွမ်းကျင်ခြင်း၊ သီလ၊ သမာဓိ၊ ပညာ ဂုဏ်ကြီးမြတ်ခြင်း စသည် တို့ကြောင့် ရဟန်း ရှင်လူ အပေါင်း၏ ကြည်ညို လေးစားမှုကို ခံယူ ရရှိတော် မူခဲ့သည်။

ဓမ္မဆောင်းပါးများ

မေတ္တာ စွမ်းအား၊ ချမ်းမြေ့စွာ ဘဝ နေနည်း၊ ရဟန်း ဘဝ ချမ်းသာ၊ ရိုးမတောင်ကြီးသာ ဖြိုလိုက်ချင်တော့၊ ချင်းရာဇဝင်၊ ချင်းဖတ်စာ၊ ကိုယ်တွေ့ မှတ်တမ်း အစရှိသည့် ကျမ်းစာများနှင့် ဗဟုသုတ ဖြစ်ဖွယ်ရာ ဆောင်းပါးများကို ရေးသားတော်မူခဲ့သည်။

ဘ၀နတ်ထံ ပျံလွန်တော်မူ

ဆရာတော်သည် ချင်းပြည်နယ်၊ ဖလမ်း မြို့နယ်၊ လုံပီး ကျေးရွာတွင် သီတင်းသုံးတော် မူနေစဉ် သက်တော် ၈၆ နှစ်၊ သိက္ခာတော် ၆၆ ဝါ အရတွင် ရန်ကုန်မြို့သို့ ကျန်းမာရေး အတွက် ဆေးကုသမှု ခံယူရန် ကြွရောက်စဉ် ၁၃၅၇ ခုနှစ်၊ ပြာသိုလဆန်း ၇ရက် (၂၇၊ ၁၂၊ ၁၉၉၅) နေ့ ညနေ (၁၈း ၃၀) နာရီ အချိန်၌ မန္တလေး လေဆိပ်တွင် ဘဝနတ်ထံ ပျံလွန်တော် မူခဲ့သည်။

ဆရာတော်ဦးဥတ္တမသာရ



ရေးသားခဲ့သော စာအုပ်များ

ဦးဥတ္တမသာရ တောင်တန်း သာသနာပြု ဆရာတော် ရေးသား ပြုစုခဲ့သည့် စာအုပ်များ-
  1. ကိုယ်တွေ့ မှတ်တမ်းများ - ၁၉၈၉ ခုနှစ်
  2. ချမ်းမြေ့စွာ ဘဝ နေနည်း တရားတော် - ၁၉၈၉ ခုနှစ်
  3. ဂုဏ်တော်ကွန်ချာ ပုတီး စိပ်နည်းများ - ၁၉၈၉ ခုနှစ်
  4. ဆရာတော် အရှင် ဦးဥတ္တမသာရ၏ ကိုယ်တွေ့ မှတ်တမ်းများ - ၁၉၅၄ ခုနှစ်
  5. တောင်တန်းတရား (ပထမတွဲ) - ၁၉၉၁ ခုနှစ်
  6. တောင်တန်း သာသနာပြု ဆရာတော် ဦးဥတ္တမသာရ - ၁၉၉၄ ခုနှစ်
  7. ပရိတ် မေတ္တာ တန်ခိုး ထက်စေသောနည်း - ၁၉၉၂ ခုနှစ်
  8. ဘဝ တံခွန်အောင် လမ်းညွှန် တရားတော် - ၁၉၉၂ ခုနှစ်
  9. ဘဝ အောင်မြင်ရေး လမ်းညွှန် ဒေသနာ - ၁၉၉၃ ခုနှစ်
  10. ဘုန်ကြီးမှတ်စု - ၁၉၉၇ ခုနှစ်
  11. မေတ္တာ စွမ်းအား လက်တွေ့ အကျိုးများ - ၁၉၉၄ ခုနှစ်
  12. မေတ္တာရှင်ကြီး၏ မေတ္တာစာ - ၁၉၉၂ ခုနှစ်
  13. ရဟန်း ဘဝ ချမ်းသာ (ပထမတွဲ) - ၁၉၉၂ ခုနှစ်
  14. ရဟန်း ဘဝ ချမ်းသာ (ဒုတိယတွဲ) - ၁၉၉၃ ခုနှစ်
  15. သံသရာဝဋ်ကို လွတ်အောင် ရုန်းကြစို့ရဲ့ - ၁၉၉၄ ခုနှစ်

ရေးသားခဲ့သော ဓမ္မဆောင်းပါးများ

ဦးဥတ္တမသာရ တောင်တန်း သာသနာပြု ဆရာတော် ရေးသား ပြုစုခဲ့သည့် ဆောင်းပါးများမှာ-
  1. ကိုယ်က ဖန်တီး၍ သံသရာ ကျင်လည် နေကြသည်၊ ဗုဒ္ဓဓမ္မ လောက စာစောင် အတွဲ (၃၈) အမှတ် (၁၈) မှ (၂၁) အထိ
  2. ချင်းစော်ဘွားကြီး ဦးဝမ်မှုံ၊ ဂျာနယ်ကျော် မဂ္ဂဇင်း (၂၉၊ ၁၁၊ ၁၉၃၇)
  3. ချင်းတောင်တန်း သာသနာပြု၊ ဒဂုန် မဂ္ဂဇင်း (၅/ ၁၉၄၁)
  4. တောင်တန်း သာသနာပြုရေး၊ ဒဂုန် မဂ္ဂဇင်း အတွဲ (၂၁) အမှတ် (၁) (၁၊ ၁၊ ၁၉၄၇)
  5. တောင်အစဉ်စဉ် တောအထပ်ထပ် သာသနာ ရောင်ခြည် ထင်ဟပ်ခဲ့ပြီ၊ ဂျာနယ်ကျော် မဂ္ဂဇင်း အတွဲ (၁၀) အမှတ် (၉) (၈၊ ၁၁၊ ၁၉၄၇)
  6. ဒေသန္တရ ဗဟုသုတ ရှာမှီးကြရာ၌ ကြုံကြိုက်တတ်သော အခက်အခဲများ၊ တိုးတက်ရေး မဂ္ဂဇင်း အမှတ် (၉၃) (၆/၁၉၄၁)
  7. နာဂ တောင်တန်းသားတို့၏ နောက်ကွယ်မှ ဤရက် ဤရွာများ၊ ဂျာနယ်ကျော်မဂ္ဂဇင်း (၂၂၊ ၂၊ ၁၉၄၇)
  8. နှစ်ပြည်ထောင် အခြေကျ အလယ်က ကျောက်ဆောင် မျှော်လို့သာ မှန်းမိတော့ လွမ်းခမ်းငဲ့ ရစ်သီ၊ ဒဂုန် မဂ္ဂဇင်း အတွဲ (၂၁) အမှတ် (၇) (၇/၁၉၄၇)
  9. နိဗ္ဗာန် ရလိုလျှင် သွားရောက်နည်း အဖုံဖုံရှိသည်၊ ဗုဒ္ဓဓမ္မ လောက စာစောင် အတွဲ (၃၀) အမှတ် (၁၄)
  10. ဘုန်းကြီး ကျောင်းတိုက်များသည် လောက အယူဝါဒကို လိုက်နာ သင့်သလော၊ တိုးတက်ရေး မဂ္ဂဇင်း အမှတ် (၉၅) (၁၊ ၈၊ ၁၉၄၁)
  11. မဏိပူရ နယ်ခြား တမူးမြို့၊ ဂျာနယ်ကျော် မဂ္ဂဇင်း (၁၀/၁၉၄၇)
  12. မြေပေါက်လွတ် ဆွမ်းကျွေးတဲ့ ပွဲတဲ့၊ ဗုဒ္ဓစမ္မ လောက စာစောင် အတွဲ (၁၃) အမှတ် (၃၆) မှ အမှတ် (၄၀) အထိ
  13. မြို့တော် ဖလမ်း၊ ဒဂုန် မဂ္ဂဇင်း အတွဲ (၂၁) အမှတ် (၁၀) (၁၀၊ ၁၁၊ ၁၉၄၇)
  14. မြို့တို့ ဌာနေ၊ တိုးတက်ရေး မဂ္ဂဇင်း အမှတ် (၈၈) (၁၊ ၁၊ ၁၉၄၁)
  15. မြို့တော် ဘုတလင်၊ တိုးတက်ရေး မဂ္ဂဇင်း အမှတ် (၈၈) (၃၊ ၇၊ ၁၉၄၁)
  16. ယဉ်ကျေးလာသော ချင်းတောင်၊ တိုးတက်ရေး မဂ္ဂဇင်း အမှတ် (၉) (ဧပြီလ)
  17. ရွှေပြည်ဝင် စာတမ်း၊ တိုးတက်ရေး မဂ္ဂဇင်း အမှတ် (၈၄) (၃၊ ၉၊ ၁၉၄၀)
  18. သာသနာပြု ပန္နက်စွဲရန် အကောင်းဆုံး ဌာနကြီး တခု၊ ဂျာနယ်ကျော် မဂ္ဂဇင်း (၁၃၊ ၉၊ ၁၉၄၇)
  19. သာသနာ့ သူရဲကောင်းများ၊ ဂျာနယ်ကျော် မဂ္ဂဇင်း (၂၂၊ ၂၊ ၁၉၄၇)
  20. အာသံပြည် သာသနာရေး၊ ဗုဒ္ဓဓမ္မ လောက စာစောင် အတွဲ (၉) အမှတ် (၁၀)
  21. အယ်ဒီတာသို့ လွမ်းဖွယ် ချင်းဝိသေသတိုင်းမှ ပေးစာ၊ ဂျာနယ်ကျော် မဂ္ဂဇင်း (၁၃၀၉) ခုနှစ်၊ တန်ဆောင်မုန်း လဆန်း (၈) ရက်
05:47, 23 ဧ​ပြီ 2010 (UTC)

ကိုးကား

  1. ပညာရွှေတောင် စာအုပ်တိုက် ကနေ ၂၀၀၃ ခုနှစ်၊ ဧပြီလမှာ ပထမ အကြိမ် အဖြစ် ထုတ်ဝေ ခဲ့တဲ့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန (ရုံးချုပ်) စာတည်း အဖွဲ့က စုဆောင်း ပြုစုတဲ့ 'နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း' စာအုပ်

တစ်ပေခွဲသာရှိသည့် တရုတ်မလေးကို ကမ္ဘာ့အသေးဆုံးအဖြစ် သတ်မှတ်~




          တရုတ်နိုင်ငံမှ လျောင်ရှောင်ရှောင် အမည်၇ှိ သုံးနှစ်အရွယ်မိန်းကလေးတစ်ဦးသည် အရပ် တစ်ပေခွဲသာရှိပြီးထပ်မံကြီးထွားမူ့သည်လုံးဝမရှိတော့ကြောင့် ကမ္ဘာ့အသေးဆုံးအဖြစ် သတ်မှတ်နေကြကြောင်းDM သတင်းဋ္ဌာနကဇူလိုင်လ ၁၇ရက်နေ့တွင်ဖော်ပြသည်။

 

         သူသည်မွေးလာစဉ်က ကိုယ်အလေးချိန် ၁ဒသမ ၀၅ကီလိုဂရမ်(၂ ဒသမ၃ပေါင်) နှင့်အရပ်အမြင့်၃၃စင်တီမီတာ(၁၃လက်မ)ရှိပြီးယခုသုံးနှစ်သမီးအရွယ် ကိုယ်အလေးချိန်၂ဒသမ၅ကီလိုဂရမ်(၅ဒသမ၅ပေါင်)နှင့်အရပ်အမြင့် ၅၄ စင်တီမီတာ(၂၁လက်မ) ရှိလာသည်။



           သို့သော် သူသည်ကြီးထွားမူ့ ရပ်တန့်ခဲ့သည်မှာ ကာလကြာလှပြီးဖြစ်သောကြောင့် သူ့အားကမ္ဘာ့ အသေးဆုံးလူသားဖြစ်သည်ဟုယုံကြည်ကြခြင်းဖြစ်သည်။



တရုတ်နိုင်ငံ ဟွိုင်ဟွာမြို့မှ ဆရာဝန်များက သူသည် မွေးရာပါဗီဇချွတ်ယွင်း
မူ့ကြောင့် စောစီးစွာကြီးထွားမူ့ ၇ပ်တန့်သွားခဲ့ခြင်း ဖြစ်ကြောင်း ပြောပြခဲ့သည်။







သီတဂူဆရာတော်ဘုရားကြီး ၏ VCD တရားတော်များ



VCD တရားတော်များ






















အရှင်ဆန္ဒာဓိက (ရွှေပါမီတောရ) ၏ VCD တရားတော်များ

ashin-sandardika




VCD တရားတော်များ



























ဆရာတော်ဥုးသုမင်္ဂလ ၏ တရားတော်များ - (Download)



တရားတော်များကို click နှိပ်ရုံဖြစ် ဒေါင်းလုပ်ရယူနိုင်ပါသည်။

**** dhamma talks uploaded and published on 10 August 2009 ****

DVD-Disc01


dhammadownload.com မှ

www.ledimyethar.com