Showing posts with label ထေရုပ္ပတ္တိ. Show all posts
Showing posts with label ထေရုပ္ပတ္တိ. Show all posts

Thursday, August 9, 2012

ဦးဥတ္တမသာရ (တောင်တန်း သာသနာပြု)




MZ logo

ဦးဥတ္တမသာရ
ဘွဲ့အမည် ဦးဥတ္တမသာရ
ခမည်းတော်အမည် ဦးဘိုညို
အမိအမည် ဒေါ်သေးတာ
မွေးသက္ကရာဇ် ၁၂၇၂ ခု၊ ပြာသို လပြည့်ကျော် ၁ ရက်၊ (၁၅ ဇန်န၀ါရီ ၁၉၁၁)တနင်္ဂနွေနေ့
မွေးရာဇာတိ နွေတွင်းကုန်း ကျေးရွာ၊ ဒီပဲယင်း မြို့နယ်၊ စစ်ကိုင်းတိုင်း
ကိုးကွယ်မှု ဗုဒဘာသာ
ရှင်ပြုသည့်နှစ် ၁၂၈၄ ခု
ရဟန်းခံသည့်နှစ် ၁၂၉၂ ခု
ပျံလွန်သည့်နေ့ ၁၃၅၇ ခုနှစ်၊ ပြာသိုလဆန်း ၇ရက် (၂၇၊ ၁၂၊ ၁၉၉၅)နေ့ ညနေ (၁၈း ၃၀) နာရီ


ဆရာတော်ဦးဥတ္တမသာရ သည် သာသနာ့သမိုင်းတွင် ထင်ရှားသော ရဟန်းတစ်ပါးဖြစ်သည်။ ဆရာ တော်ကို တောင်တန်းသာသနာပြုဆရာတော် ဟု ခေါ်ဆိုကြသည့်အပြင် ရေဆူဆရာတော်ဟု လည်း ခေါ်ဝေါ်ကြပါသည်။ ဆရာတော်တရားဟောနေစဉ်၊ ပရိတ်ရွတ်နေစဉ်အတွင်း ဆရာတော်ရှေ့တွင် ရှိသော ရေများမှာ ဆူဝေလာသောကြောင့် ရေဆူဆရာတော် ဟု ခေါ်ဆိုကြခြင်းဖြစ်သည်။

သာသနာ့ဘောင်ဝင်ရောက်ခြင်း

၁၂၈၄ ခုနှစ် ရွာကျောင်း ဆရာတော် ဘဒ္ဒန္တဝိလာသကို ဥပဇ္ဈာယ် ပြု၍ မိဘ နှစ်ပါး တို့၏ ပစ္စယာ နုဂ္ဂဟဖြင့် ရှင်သာမဏေ အဖြစ် ရောက်တော် မူသည်။ ၁၂၉၂ ခုနှစ်၊ နွေတွင်းကုန်းရွာ ကျောင်းဆရာတော် ဘဒ္ဒန္တဝိလာသကို ဥပဇ္ဈာယ် ပြု၍ ရဟန်း အဖြစ်သို့ ရောက်တော်မူသည်။

လေ့လာတတ်မြောက်

ဆရာတော်သည် မုံရွာမြို့ ရွှေသိမ်တော်တိုက်၊ မဟာ လယ်တီတိုက်၊ စစ်ကိုင်းတောင် မဟာ သမယချောင်၊ မန္တလေးမြို့ ချမ်းသာကြီး မြောက်တိုက်၊ အမရပူရမြို့ တူးမောင်းတိုက်၊ ပခုက္ကူမြို့ မဟာ ဝိသုတာ ရာမတိုက် ဆရာတော်များ ထံတွင် ပိဋကတ် ကျမ်းစာများ သင်ယူ ခဲ့သည်။ ကျမ်းကြီးပေါက် သင်ယူ တတ်မြောက် တော်မူသည်။ အင်္ဂလိပ်စာ၊ ချင်းစာပေ၊ ချင်းဘာသာ စကား တို့ကိုလည်း လေ့လာ တတ်မြောက် ခဲ့သည်။

သာသနာပြုတော်မူခြင်း

ဆရာတော်သည် ရန်ကုန်တိုင်း ကမာရွတ် မြို့နယ် ဝါဆိုကျောင်းနှင့် လှိုင်မြို့နယ် အောင်ချမ်းသာ ကျောင်းတို့၌ စာဝါများ ပို့ချခဲ့သည်။ ဆရာတော်သည် အသွားအလာ ခက်ခဲ၍ ဝေးလံ ခေါင်းပါးသော တောင်တန်း ဒေသ များတွင် နှစ်ပေါင်း ၅၀ မျှ သီတင်းသုံး နေထိုင်လျက် ဒေသခံ တိုင်းရင်းသား များအား ဗုဒ္ဓ တရား ဓမ္မများ ကျင့်ကြံ ပွားများ နိုင်ရေး အတွက် မေတ္တာတော် ကြီးမားစွာ သာသနာ ပြုတော် မူခဲ့သည်။ ထို့အပြင် အိန္ဒိယနိုင်ငံ အာသံ ပြည်နယ်၊ မဏိပူရ ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်း တောင်တန်း များနှင့် ဥရောပ နိုင်ငံများသို့ လှည့်လည့်ကြွရောက် သာသနာ ပြုတော် မူခဲ့သည်။

ဆရာတော် သီတင်းသုံးနေထိုင်သည့် အခန်းအတွင်းတွင် ရိုက်ကူးထားသောပုံ ဖြစ်သည်။

ခံယူရရှိတော်မူ

သတ္တဝါတို့ အပေါ် မေတ္တာတော် ကြီးမားခြင်း၊ ကြမ်းတမ်းသော တောတောင် ခရီး သွားလာ၍ သာသနာ ပြုနိုင်ခြင်း၊ သူတပါး စိတ်ဝင်စား သမာဓိ၊ ပညာဂုဏ် ကြီးမြတ်ခြင်း စသည်တို့နှင့် စာရေး ကျွမ်းကျင်ခြင်း၊ သီလ၊ သမာဓိ၊ ပညာ ဂုဏ်ကြီးမြတ်ခြင်း စသည် တို့ကြောင့် ရဟန်း ရှင်လူ အပေါင်း၏ ကြည်ညို လေးစားမှုကို ခံယူ ရရှိတော် မူခဲ့သည်။

ဓမ္မဆောင်းပါးများ

မေတ္တာ စွမ်းအား၊ ချမ်းမြေ့စွာ ဘဝ နေနည်း၊ ရဟန်း ဘဝ ချမ်းသာ၊ ရိုးမတောင်ကြီးသာ ဖြိုလိုက်ချင်တော့၊ ချင်းရာဇဝင်၊ ချင်းဖတ်စာ၊ ကိုယ်တွေ့ မှတ်တမ်း အစရှိသည့် ကျမ်းစာများနှင့် ဗဟုသုတ ဖြစ်ဖွယ်ရာ ဆောင်းပါးများကို ရေးသားတော်မူခဲ့သည်။

ဘ၀နတ်ထံ ပျံလွန်တော်မူ

ဆရာတော်သည် ချင်းပြည်နယ်၊ ဖလမ်း မြို့နယ်၊ လုံပီး ကျေးရွာတွင် သီတင်းသုံးတော် မူနေစဉ် သက်တော် ၈၆ နှစ်၊ သိက္ခာတော် ၆၆ ဝါ အရတွင် ရန်ကုန်မြို့သို့ ကျန်းမာရေး အတွက် ဆေးကုသမှု ခံယူရန် ကြွရောက်စဉ် ၁၃၅၇ ခုနှစ်၊ ပြာသိုလဆန်း ၇ရက် (၂၇၊ ၁၂၊ ၁၉၉၅) နေ့ ညနေ (၁၈း ၃၀) နာရီ အချိန်၌ မန္တလေး လေဆိပ်တွင် ဘဝနတ်ထံ ပျံလွန်တော် မူခဲ့သည်။

ဆရာတော်ဦးဥတ္တမသာရ



ရေးသားခဲ့သော စာအုပ်များ

ဦးဥတ္တမသာရ တောင်တန်း သာသနာပြု ဆရာတော် ရေးသား ပြုစုခဲ့သည့် စာအုပ်များ-
  1. ကိုယ်တွေ့ မှတ်တမ်းများ - ၁၉၈၉ ခုနှစ်
  2. ချမ်းမြေ့စွာ ဘဝ နေနည်း တရားတော် - ၁၉၈၉ ခုနှစ်
  3. ဂုဏ်တော်ကွန်ချာ ပုတီး စိပ်နည်းများ - ၁၉၈၉ ခုနှစ်
  4. ဆရာတော် အရှင် ဦးဥတ္တမသာရ၏ ကိုယ်တွေ့ မှတ်တမ်းများ - ၁၉၅၄ ခုနှစ်
  5. တောင်တန်းတရား (ပထမတွဲ) - ၁၉၉၁ ခုနှစ်
  6. တောင်တန်း သာသနာပြု ဆရာတော် ဦးဥတ္တမသာရ - ၁၉၉၄ ခုနှစ်
  7. ပရိတ် မေတ္တာ တန်ခိုး ထက်စေသောနည်း - ၁၉၉၂ ခုနှစ်
  8. ဘဝ တံခွန်အောင် လမ်းညွှန် တရားတော် - ၁၉၉၂ ခုနှစ်
  9. ဘဝ အောင်မြင်ရေး လမ်းညွှန် ဒေသနာ - ၁၉၉၃ ခုနှစ်
  10. ဘုန်ကြီးမှတ်စု - ၁၉၉၇ ခုနှစ်
  11. မေတ္တာ စွမ်းအား လက်တွေ့ အကျိုးများ - ၁၉၉၄ ခုနှစ်
  12. မေတ္တာရှင်ကြီး၏ မေတ္တာစာ - ၁၉၉၂ ခုနှစ်
  13. ရဟန်း ဘဝ ချမ်းသာ (ပထမတွဲ) - ၁၉၉၂ ခုနှစ်
  14. ရဟန်း ဘဝ ချမ်းသာ (ဒုတိယတွဲ) - ၁၉၉၃ ခုနှစ်
  15. သံသရာဝဋ်ကို လွတ်အောင် ရုန်းကြစို့ရဲ့ - ၁၉၉၄ ခုနှစ်

ရေးသားခဲ့သော ဓမ္မဆောင်းပါးများ

ဦးဥတ္တမသာရ တောင်တန်း သာသနာပြု ဆရာတော် ရေးသား ပြုစုခဲ့သည့် ဆောင်းပါးများမှာ-
  1. ကိုယ်က ဖန်တီး၍ သံသရာ ကျင်လည် နေကြသည်၊ ဗုဒ္ဓဓမ္မ လောက စာစောင် အတွဲ (၃၈) အမှတ် (၁၈) မှ (၂၁) အထိ
  2. ချင်းစော်ဘွားကြီး ဦးဝမ်မှုံ၊ ဂျာနယ်ကျော် မဂ္ဂဇင်း (၂၉၊ ၁၁၊ ၁၉၃၇)
  3. ချင်းတောင်တန်း သာသနာပြု၊ ဒဂုန် မဂ္ဂဇင်း (၅/ ၁၉၄၁)
  4. တောင်တန်း သာသနာပြုရေး၊ ဒဂုန် မဂ္ဂဇင်း အတွဲ (၂၁) အမှတ် (၁) (၁၊ ၁၊ ၁၉၄၇)
  5. တောင်အစဉ်စဉ် တောအထပ်ထပ် သာသနာ ရောင်ခြည် ထင်ဟပ်ခဲ့ပြီ၊ ဂျာနယ်ကျော် မဂ္ဂဇင်း အတွဲ (၁၀) အမှတ် (၉) (၈၊ ၁၁၊ ၁၉၄၇)
  6. ဒေသန္တရ ဗဟုသုတ ရှာမှီးကြရာ၌ ကြုံကြိုက်တတ်သော အခက်အခဲများ၊ တိုးတက်ရေး မဂ္ဂဇင်း အမှတ် (၉၃) (၆/၁၉၄၁)
  7. နာဂ တောင်တန်းသားတို့၏ နောက်ကွယ်မှ ဤရက် ဤရွာများ၊ ဂျာနယ်ကျော်မဂ္ဂဇင်း (၂၂၊ ၂၊ ၁၉၄၇)
  8. နှစ်ပြည်ထောင် အခြေကျ အလယ်က ကျောက်ဆောင် မျှော်လို့သာ မှန်းမိတော့ လွမ်းခမ်းငဲ့ ရစ်သီ၊ ဒဂုန် မဂ္ဂဇင်း အတွဲ (၂၁) အမှတ် (၇) (၇/၁၉၄၇)
  9. နိဗ္ဗာန် ရလိုလျှင် သွားရောက်နည်း အဖုံဖုံရှိသည်၊ ဗုဒ္ဓဓမ္မ လောက စာစောင် အတွဲ (၃၀) အမှတ် (၁၄)
  10. ဘုန်းကြီး ကျောင်းတိုက်များသည် လောက အယူဝါဒကို လိုက်နာ သင့်သလော၊ တိုးတက်ရေး မဂ္ဂဇင်း အမှတ် (၉၅) (၁၊ ၈၊ ၁၉၄၁)
  11. မဏိပူရ နယ်ခြား တမူးမြို့၊ ဂျာနယ်ကျော် မဂ္ဂဇင်း (၁၀/၁၉၄၇)
  12. မြေပေါက်လွတ် ဆွမ်းကျွေးတဲ့ ပွဲတဲ့၊ ဗုဒ္ဓစမ္မ လောက စာစောင် အတွဲ (၁၃) အမှတ် (၃၆) မှ အမှတ် (၄၀) အထိ
  13. မြို့တော် ဖလမ်း၊ ဒဂုန် မဂ္ဂဇင်း အတွဲ (၂၁) အမှတ် (၁၀) (၁၀၊ ၁၁၊ ၁၉၄၇)
  14. မြို့တို့ ဌာနေ၊ တိုးတက်ရေး မဂ္ဂဇင်း အမှတ် (၈၈) (၁၊ ၁၊ ၁၉၄၁)
  15. မြို့တော် ဘုတလင်၊ တိုးတက်ရေး မဂ္ဂဇင်း အမှတ် (၈၈) (၃၊ ၇၊ ၁၉၄၁)
  16. ယဉ်ကျေးလာသော ချင်းတောင်၊ တိုးတက်ရေး မဂ္ဂဇင်း အမှတ် (၉) (ဧပြီလ)
  17. ရွှေပြည်ဝင် စာတမ်း၊ တိုးတက်ရေး မဂ္ဂဇင်း အမှတ် (၈၄) (၃၊ ၉၊ ၁၉၄၀)
  18. သာသနာပြု ပန္နက်စွဲရန် အကောင်းဆုံး ဌာနကြီး တခု၊ ဂျာနယ်ကျော် မဂ္ဂဇင်း (၁၃၊ ၉၊ ၁၉၄၇)
  19. သာသနာ့ သူရဲကောင်းများ၊ ဂျာနယ်ကျော် မဂ္ဂဇင်း (၂၂၊ ၂၊ ၁၉၄၇)
  20. အာသံပြည် သာသနာရေး၊ ဗုဒ္ဓဓမ္မ လောက စာစောင် အတွဲ (၉) အမှတ် (၁၀)
  21. အယ်ဒီတာသို့ လွမ်းဖွယ် ချင်းဝိသေသတိုင်းမှ ပေးစာ၊ ဂျာနယ်ကျော် မဂ္ဂဇင်း (၁၃၀၉) ခုနှစ်၊ တန်ဆောင်မုန်း လဆန်း (၈) ရက်
05:47, 23 ဧ​ပြီ 2010 (UTC)

ကိုးကား

  1. ပညာရွှေတောင် စာအုပ်တိုက် ကနေ ၂၀၀၃ ခုနှစ်၊ ဧပြီလမှာ ပထမ အကြိမ် အဖြစ် ထုတ်ဝေ ခဲ့တဲ့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန (ရုံးချုပ်) စာတည်း အဖွဲ့က စုဆောင်း ပြုစုတဲ့ 'နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း' စာအုပ်