Friday, August 10, 2012

ဥပေက္ခာ

ဥပေက္ခာ

သင်ကပြုံးလည်း နှလုံးသာယာ

ဖြစ်မလာတော့...။

သင်ကမုန်းလည်း နှလုံးထိခိုက်ပ်ရ

ငိုမရှိုက်တော့...။

ပြုံးလွယ်မုန်းလွယ် အသွယ်သွယ်ကို

ကြိမ်ဖန်များစွာ ခံစားကာမို့

သာခြင်းနာခြင်း လုံးဝကင်းပြီး

သင့်အတွက်ဆို ကျွန်ုပ်ရင်ဝယ်

အစဉ်မေ့ဖျောက် လိုက်ပါပြီ...။

မင်းရဝေ(ကလေး)

0 comments

Post a Comment