Wednesday, August 22, 2012

**ဖွဟဲ့လွဲပါစေ**

ဝိနည်းမကြိုက် လောကလိုက် ဘုန်းကြီးမိုက်နဲ့ လွဲပါစေ

ဘုရားမကြိုက် အမှားလိုက် မိဘမိုက်နဲ့ လွဲပါစေ

တရားမကြိုက် အများလိုက် ဆရာမိုက်နဲ့ လွဲပါစေ

သစ္စာမပိုက် တစ်ဖို့လိုက် မိတ်ဆွေမိုက်နဲ့ လွဲပါစေ

ဥစ္စာခိုးနိုက် လင်ငယ်လိုက် မယားမိုက်နဲ့လွဲပါစေ

မူးဖြုံးဖဲရိုက် အငယ်လိုက် လင်အမိုက်နဲ့လွဲပါစေ

ဆုံးမမလိုက် ဖီဆန်တိုက် သားသမီးမိုက်နဲ့ လွဲပါစေ

စည်းကမ်းမလိုက် တော်လှန်တိုက် တပည့်မိုက်နဲ့လွဲပါစေ

မငဲ့နောက်လိုက် ငါကောင်းကြိုက် ခေါင်းဆောင်မိုက်နဲ့ လွဲပါစေ

တိုင်းပြည်သိမ်းပိုက် လမ်းမှားလိုက် ဘုရင်မိုက်နဲ့ လွဲပါစေ...။

ဆီးဘန်းနီ (ဆရာတော်)

0 comments

Post a Comment