Thursday, August 23, 2012

ဓါတ်

ဓါတ်٭٭

ဓါတ်ဟူသော စကားလုံးသည် အထည်ကိုယ်အားဖြင့်

မမြင်ရသော်လည်း ဓါတ်ခိုက်သည် ဓါတ်ကျသည်

စသည်ဖြင့် အရပ်ထဲတွင် အမြဲသုံးနေသော စကားဖြစ်၏

ဓါတ်သည် ကူးခြင်း၊လိုက်ခြင်းသဘောရှိ၏

ဓါတ်အား အပြည့်လွတ်ထားသည့်ကြိုးကို

တို့မိ၊ ထိမိကိုင်မိလျှင်ကူးခြင်း၊ လိုက်ခြင်းဖြစ်သကဲ့သို့

သူယုတ်မာနဲ့ လက်ပွန်းတတီး နေထိုင်လျှင်

ဓါတ်ကူးဓါတ်လိုက်ကာ သူယုတ်မာဖြစ်တတ်သည်။

သဒ္ဓါစသော ဂုဏ်တိုနဲ့ပြည့်စုံသည် သူတော်သူမြတ်တို့နဲ့

ပေါင်းသင်းဆက်ဆံရလျှင် ဓါတ်ကူးဓါတ်လိုက်ကာ

အများလေးစားရသည် သူတော်ကောင်း

ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သွားတတ်ပါ၏...။

အရှင်ဝိသုဒ္ဓ(ကလေး)

0 comments

Post a Comment